မန္တလေး ၅ ဇူလိုင်

 

ငွေကျပ် သိန်း ၁၀ဝ ကျော်မှ စတင်ဝယ်ယူနိုင်သည့် တိုက်ခန်း၊ ကွန်ဒို၊ မြေကွက်များပါဝင်ရောင်းချမည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်၊ ခြံ၊ မြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကို မန္တလေးမြို့၊ မြို့တော်ခန်းမတွင် အခုလ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြပွဲတွင် မန္တလေး၊ ရန်ကုန်၊ တောင်ကြီး၊ ပုသိမ်နှင့် ဘန်ကောက်မြို့များရှိ ငွေကျပ် သိန်း ၁၀ဝ ကျော်မှ စတင်ဝယ်ယူနိုင်သည့် တိုက်ခန်း၊ ကွန်ဒို၊ မြေကွက်၊ အိမ်သုံးနှင့် လုပ်ငန်းသုံး အဆောက်အဦများကို ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

‘မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေဖို့ လစဉ်အနည်းဆုံး ကျပ် ၅ သိန်း သွင်းရုံနဲ့ အတိုးမဲ့ အရစ်ကျ စနစ်တွေနဲ့ ရောင်းချပေးနေပါတယ်။ ဒီပွဲဟာ iMyanmarHouse.com အနေနဲ့ မန္တလေးမြို့မှာ ကျင်းပတဲ့ တတိယအကြိမ်မြောက် အရောင်းပြပွဲဖြစ်ပါတယ်’ ဟု iMyanmarHouse.com ၏ Managing Director ကိုနေမင်းသူက ပြောသည်။

 

ပြပွဲတွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၃၀ ကျော် ပါဝင်ပြသခဲ့ပြီး ရိုးမဘဏ်ဖြင့် အိမ်ရာချေးငွေများကို လျှောက်ထားနိုင်ကြောင်း သိရသည်။ မန္တလေးမြို့အတွင်းရှိ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပုသိမ်ကြီး မြို့နယ်ရှိ တိုက်ခန်း၊ ကွန်ဒိုများအပြင်  ရန်ကုန်မြို့ရှိ ငွေကျပ် သိန်း ၂၀ဝ မှ သိန်း ၅၀ဝ၀ ကျော်တန်ဖိုးရှိသည့် တိုက်ခန်း၊ ကွန်ဒိုများကိုလည်း အရစ်ကျ အတိုးမဲ့ စနစ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများ ဝယ်ယူနိုင်ရန် စင်ကာပူနိုင်ငံတွင် ယခုလို အိမ်ရာပြပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်

 

IMG_0