ရန်ကုန် ၂၆ ဇွန်
ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ၊ ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး ၊ အကျိုးတော်ဆောင် ဦးသက်နိုင် တို့နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း ဦးဆောင်သော အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) တွင်တွေ့ဆုံကြသည်။
ထို့သို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာများ၊ KIO(ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့) ၊ MNTJP (မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ) ၊ PSLF (ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး) ၊ ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်)တို့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးရေး ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ သည်။
(သတင်းစဉ်)


