မိုးကောင်း ၉  မေ 

 

မိုးကောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ငှက်ဖျားရောဂါ လျော့နည်းနိုင်သမျှလျှော့နည်းစေပြီး ပပျောက်သွားသည်အထိ ရည်ရွယ်၍ ငှက်ဖျားရောဂါဖြစ်လာနိုင်ဖွယ်ရှိသော နေရာများအား ဆေးစိမ်ခြင်ထောင် အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့က စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။    

 

"ကျန်းမာရေးဌာနရဲ့စာရင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ(MCC) စေတနာ့ဝန်ထမ်းများရဲ့စာရင်းနဲ့ အပြည်ပြည်ဆိုင်ရာ လူထုရေးဝန်ဆောင်မှု (PSI)အဖွဲ့တွေက ယခင်နှစ်တွေရဲ့ ငှက်ဖျား ရောဂါဖြစ်ပွားမှု စစ်တမ်းအရ နေရာသတ်မှတ်ယူပြီး ငှက်ဖျားဖြစ်လာနိုင်ဖွယ်ရှိနိုင်တဲ့နေရာတွေ ရွေးချယ်ပြီးတော့ ဆေးခြင်ထောင် အခမဲ့ဖြန့်ဝေပေးနေတာဖြစ်ပါတယ် " ဟု မြို့နယ်ကျန်းမာရေးမှူး အဆင့် ၁ ဦးလကျုံဘရန်က ပြောကြားသည်။

 

အဆိုပါဆောင်ရွက်မှုရာတွင် မရမ်း၊ နမ္မတီး၊ ကံလှ၊ နန့်ဟိုင်၊ ဆားမှော်၊ နမ္မန၊ ပင်းဘောကျေးရွာတို့မှ ကျေးလက်ဌာနနယ်မြေ ၄၇ နေရာရှိ လူဦးရေ ၇၇၇၁၀ ဦးအတွက် ၂ ယောက်အိပ်ခြင်ထောင် ၁ လုံးနှုန်း ဆေးခြင်ထောင်အလုံးရေ ၃၉၀၅၃ လုံး ဖြန့်ဝေနေခြင်းဖြစ်ကြောင်း၊ ကျေးရွာနယ်မြေ တစ်ခုစီတွင် ရက်အတွင်း အခမဲ့ဖြန့်ဝေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သန်းလွင်ဦး (ပြန်/ဆက်)