စေတုတ္တရာ ၂၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ငမ-သံဆည်-ကြီးအုံ ကျေးရွာချင်းဆက်လမ်းအား ကျောက်စရစ် ခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ (၅၅)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နိုင်နိုင်ရွှေထံမှ သိရသည်။
အဆိုပါ ကျောက်စရစ်ခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို ငမကျေးရွာ၊ သံဆည် ကျေးရွာနှင့် ကြီအုံးကျေးရွာတို့မှ ဒေသခံပြည်သူများ ရာသီမရွေး လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရန်နှင့် သွားလာမှု အဆင်ပြေစေရေးအတွက် လမ်းအရှည် ၂ မိုင် လမ်းအကျယ် ပေ(၃၀) ကျေးရွာချင်းဆက် မြေသားလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် (၃၆)သန်းဖြင့် ဇူလိုင် ၁၃ ရက်မှစတင်၍ ချောင်းကျောက်စရစ်ခင်းခြင်းနှင့် Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု ပြီးစီးသွားပါက ငမ ကျေးရွာ၊ သံဆည်ကျေးရွာနှင့် ကြီးအုံကျေးရွာတို့ရှိ အိမ်ထောင်စု (၄၀ဝ)ကျော်၊ လူဦးရေ (၁၈၀ဝ)ကျော်တို့အား သွားလာမှုအဆင်ပြေနိုင်ရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


