ါန်းဇွန် သြဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် သားကျင်ကျေးရွာတွင် ဂျုံဦးထုပ်လုပ်ငန်းမှ တစ်ဦးချင်းဝင်ငွေရရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဂျုံဦးထုပ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

 

0048

 

ဂျုံဦးထုပ် ပြုလုပ်ရာတွင် အနု ၅ လက်မ ၊ ယောင်္ကျားဆောင်းနှင့် ဘဲဥပုံဟူ၍ ပုံစံလေးတွေရှိပြီး  အနု ၇ လက်မ၊  ၅ လက်မနှင့် ၄ လက်မ စသည်ဖြင့် ဖောက်သည်များ မှာယူသူများစိတ်ကြိုက် လုပ်ဆောင်ရတာလည်း ရှိပါတယ်။ အနုထဲမှာတော့ ၅ လက်မပုံ၊ ဘဲဥပုံတို့က အရောင်းရဆုံးပါ။ လုပ်သမျှ အကုန်လုံးလိုလို ရောင်းချရပါတယ်။ ကျွန်တော်ကတော့ မြင်းခြံမြို့နဲ့ ဗန်းမော်မြို့တွေ ပို့ပါတယ်"ဟု ဂျုံဦးထုပ်လုပ်ငန်း လုပ်ကိုင်သူ ကိုသန်းစိုးက ပြောသည်။

 

0033

 

"ကုန်ကြမ်းဖြစ်တဲ့ ဂျုံကို ဂျုံစိုက်တောင်သူတွေဆီကနေ ဝယ်ယူရတာပါ။ အဲဒီ ကုန်ကြမ်းကနေ သက်ကြီးရွယ်အိုတွေ ကလေးတွေ မိသာစုအကုန်လုံး ဂျုံချိုး၊ ဂျုံထိုး၊ ဂျုံကိုက်လုပ်ငန်းတွေ လုပ်ရတဲ့အတွက် အလုပ်တွေ ရပါတယ်။ ဂျုံချိုး၊ ဂျုံထိုး၊ ဂျုံကိုက်ပြီး ဦးထုပ်ချုပ် စက်သမားတွေဆီအပ်တဲ့အတွက် ပိုက်ဆံရပါတယ်။ ကျွန်နော်တို့ရွာမှာ တောင်သူလုပ်ကိုင်သူရှိပေမယ့် အများကတော့ အခြေခံလုပ်ငန်းဖြစ်တဲ့ ဂျုံဦးထုပ်လုပ်ငန်းကိုပဲ လုပ်ကိုင်ကြတာပါ။ တစ်ရွာလုံးနီးပါး လုပ်ကိုင်ပါတယ်"ဟု ငါန်းဇွန်မြို့နယ် သားကျင်ရွာမှ ကိုသန်းစိုးမှ ပြောသည်။

 

0032

 

ဂျုံဦးထုပ် အမျိုးအစား ၆ မျိုးခန့်ရှိပြီး အကြမ်း၊ အချော၊ ရှယ်ဟု အဆင့်သုံးမျိုး ခွဲခြားထားကာ ရှယ်အဆင့် ဦးထုပ်များကို မိမိတို့ စက်နာမည်များ တပ်ဆင်လေ့ရှိတယ်လို့ သိရသည်။

 

0024

 

“ဂျုံဦးထုပ်က တကယ်ချုပ်မယ်ဆို တစ်ရက်ကို လူတစ်ဦးက အလုံး ၅၀၊ ၆၀ ပြီးပါတယ်။ ကိုယ်ချုပ်ရင် ချုပ်သလောက်ရတာပါ။ အိမ်မှုကိစ္စတွေလုပ်ရင်းဆို တစ်ရက်ကို အလုံး ၂၀၊ ၃၀ ချုပ်နိုင်ပါတယ်။ ဦးထုပ်တစ်လုံးလျှင် ချုပ်ခ ၁၀ဝ ကျပ် ရတာမို့ တစ်နေကုန် လုပ်သူတွေက တစ်ရက်ကို ငွေကျပ် ၅၀ဝ၀ ၊ ၆၀ဝ၀ ဝင်ပါတယ်။ ဂျုံထိုးတဲ့သူတွေအနေနဲ့ တစ်ရက်ကို နှစ်ခွေ သုံးခွေရအောင် ထိုးကျပါတယ်။ ဂျုံထိုးတာက ကလေးရော၊ လူကြီးရော လုပ်ကိုင်နိုင်ပြီး နေ့ရော ညပါထိုးလျှင် တစ်ရက်ကို ဂျုံခွေ ငါးခွေပြီးတဲ့အတွက် ငွေကျပ် ၅၀ဝ၀ ဝင်ပါတယ်၊ စက်သမား ခုနှစ်ယောက်ရှိတော့ တစ်ရက်ကို ဂျုံဦးထုပ် ၃၅၀ လုံး ဝန်းကျင်ပြီးပါတယ်။ ဂျုံဦးထုပ်မှာ မိုးရာသီတွင် အရောင်းပါးပြီး ယခုအချိန်မျိုးတွင် နေ့စဉ်မပျက်လုပ်၍ လှောင်ထားရပြီး သီးတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လများမှာ ရောင်းရပြီး တပေါင်း၊ တန်ခူးလများတွင် လှောင်ထားသော  ကုန်ပစ္စည်းများ ပျက်သွားတတ်ပါတယ်။ ဂျုံဦးထုပ်ကို နွေရာသီမှာမှာယူမှု များပြားပါတယ်။  ဂျုံဦးထုပ်ကို လုပ်သလောက် ရောင်းချရပါတယ်။ မှာယူမှုများလာရင် ကျွန်မတို့က မပို့နိုင်တာမျိုး ရှိပါတယ်” ဟု မြင့်မြင့် ဂျုံဦးထုပ် လုပ်ငန်းမှ မမြင့်မြင့်မိုးက ပြောသည်။

ငါန်းဇွန်မြို့နယ်တွင် သားကျင်းကျေးရွာတွင် အိမ်ထောင်စု ၈၀ဝ ကျော်ရှိပြီး လူဦးရေ ၃၀ဝ၀ ကျော်ရှိကာ တစ်ရွာလုံးနီးပါး အခြေခံလုပ်ငန်းအဖြစ် ဂျုံဦးထုပ်လုပ်ကိုင်ကြကြောင်း သိရသည်။

ဘိုဘို(မလှိုင်)