ငဖဲ ၂၇ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများနှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရန်အတွက် ယနေ့နံနက် ၇ နာရီက ငဖဲမြို့မစျေးတွင် စျေးရောင်းစျေးဝယ်ပြည်သူများအား နှာခေါင်းစည်း(Mask) များကို အခမဲ့ဝေငှပေးခဲ့သည်။
အဆိုပါ နှာခေါင်းစည်း(Mask)များကို ငဖဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ အဖွဲ့ဝင်များက စျေးရောင်းချနေသူများ၊ စျေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာပြည်သူများကို အခမဲ့ဝေငှပေးခဲ့ပြီး အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာကြရန် အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


