ငဖဲ ၇ ဇူလိုင်

 


မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မော်မော်လွင်နှင့် ဝန်ထမ်းများသည် ဇူလိုင် ၇ ရက် နံနက်ပိုင်းက ငဖဲမြို့မဈေးအတွင်း ရောင်းချသည့် ဈေးသည်များအား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချရေးအတွက် ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်များ လျှော့ချသုံးစွဲကြရန် အသိပညာပေး ဟောပြောခဲ့ကြသည်။

 

ewfw


ထို့ပြင် ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ပေါက်ဖက်၊ ငှက်ပျောဖက်၊ စက္ကူ စသည်များနှင့် အစားထိုးအသုံးပြုစေရေး လက်ကမ်းစာစောင်များကို ဈေးသူဈေးသားများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 


မယု(ငဖဲ)