ငဖဲ  ၃၀  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် မရိုးကန်-မာန်အောင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်း ကျောက်လမ်းခင်းခြင်းကို မကွေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ဖြင့်  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်တွင် ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း သိရသည်။

အဆိုပါ မရိုးကန်-မာန်အောင်လမ်းပိုင်းသည် အရှည် ၁ မိုင် ၂ ဖာလုံရှိပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)