ငဖဲ ၂၄ ဇူလိုင်
စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးလောင်မှု မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် အဖွဲ့များက စက်သုံးဆီဆိုင်များ အနေဖြင့် ဆီဖြည့်၊ ဆီထည့်စနစ်များ ကောင်းမွန်စွာ တပ်ဆင်အသုံးပြုမှု ရှိ မရှိ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ တပ်ဆင်အသုံးပြုမှုရှိ မရှိ၊ စက်သုံးဆီ ရောင်းချမှုတွင် သတ်မှတ်ဈေးနှုန်း၊ သတ်မှတ်အချင်အတွယ်ဖြင့် ရောင်းချမှုရှိ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆီဆိုင်ပိုင်ရှင်နှင့် အရောင်းဝန်ထမ်းများအား လောင်စာဆီများ စနစ်တကျ သိုလှောင်ထားရှိရန်နှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရေးတို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


