ငဖဲ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၃၃)အုပ်စုတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား (၈၅၈)ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း (ပင်စင်စား)များ၏ ဇူလိုင်လအတွက် ပင်စင် လစာများကို ယနေ့နံနက်ပိုင်းမှစတင်၍ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ အလှည့်ကျ သတ်မှတ်နေ့အလိုက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းတွင် မြို့ပြပင်စင် ( ၄၃၇ )ဦး၊ ကာကွယ်ရေးပင်စင်( ၃၂၅ )ဦး၊ နိုင်ငံရေးပင်စင် ( ၉၀ )ဦး၊ မြန်မာ့စီးပွားရေးဘဏ်ပင်စင် (၅)ဦး၊ ဗဟိုဘဏ်ပင်စင် (၆)ဦး စုစုပေါင်း (၈၅၈) ဦးရှိရာ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ဇူလိုင်လ ၂၁ ရက် နံနက် ၉နာရီမှ စတင်၍ မွန်းလွဲ ၂ နာရီအထိ ပင်စင်လစာများ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသည့် ပင်စင်စားများ အနေဖြင့် ရုံးဖွင့်ရက်တိုင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
မယု(ငဖဲ)