ငဖဲ ၆  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သမဝါယမအသင်းစုမှ ၂၀၁၃ ခုနှစ် မှစ၍ CHINA EXIM BANK ချေးငွေလုပ်ငန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ (၁၃)ကြိမ်မြောက် ချေးငွေအရင်းအတိုးများကို အသင်းသားများထံမှ ပြေကျေစွာ လက်ခံရရှိပြီး ဖြစ်ကြောင်း မြို့နယ်သမဝါယမအသင်းစုရုံးမှ သိရသည်။

 

CHINA EXIM BANKအမေရိကန်ဒေါ်လာ သန်း(၄၀ဝ)ချေးငွေအစီအစဉ်မှ ၂၀၂၀ပြည့်နှစ်၊ဇန်နဝါရီလတွင် ချေးငွေကျပ်သန်း ၁၀ဝ၃.၄၇၉၈ ကို ငဖဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးအသင်း (၃၇)သင်း၊ မွေးမြူရေး အသင်း(၂၅)သင်း၊ လယ်ယာလုပ်သား အသင်း(၂၂)သင်း၊ အသေးစားကုန်ထုတ်အသင်း(၁)သင်း၊ မျိုးစေ့ထုတ် အသင်း(၁)သင်း၊ စုစုပေါင်းအသင်း(၈၆) သင်းမှအသင်းသား (၄၅၄၀)ဦးအား ပံ့ပိုးထုတ်ချေးပေးခဲ့ရာ ယခု ၂၀၂၀ပြည့်နှစ်၊ဇွန်လ၌ (၁၃)ကြိမ်မြောက်တွင် အရင်း၏ ၁၆ပုံ ၁ပုံနှင့် အတိုးကိုသာ ပြန်လည်ကောက်ခံခဲ့ပြီး အရင်းငွေကျပ် ၄၄.၆၅၆၆ သန်း၊ အတိုးငွေကျပ် ၃၆.၂၂၉၉ သန်း စုစုပေါင်း ငွေကျပ် ၈၀.၈၈၆၅ သန်းကို အသင်းသားများထံမှ ပြေကျေစွာ လက်ခံရရှိပြီးဖြစ်ကြောင်း နှင့် ချေးငွေပေးဆပ်ရမည့် ကာလမှာ ၆လတစ်ကြိမ် ၈နှစ်ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)