မြိတ်  ၁၆   ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပသည့် ငါးဖမ်း/ ငါးသယ် ရေယာဉ်ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေးသင်တန်းကို မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ဇူလိုင် ၁၆ ရက်နေ့မှ ၁၇  ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားသည့် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ ညွှန်ကြားရေးမှူး၊ ဦးအောင်ညီတိုး၊ တနင်္သာရီ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်း၊ မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ၊ မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး၊ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး၊ မြိတ်ခရိုင်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှူး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ တိုင်း/ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကမ်းဝေးငါးဖမ်း/ ငါးသယ်ရေယာဉ်များမှ သင်တန်း တက်ရောက်မည့် ပဲ့နင်း၊ ရေလုပ်သား(၅၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ စာတွေ့လက်တွေ့ သင်တန်းပို့ချ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

 

 MDN