ငပလီ ဧပြီ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက ငပလီမြို့ စည်ပင်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ငပလီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်ပြည်သူများအား အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို တစ်ပတ်ငှားစနစ်ဖြင့် ငပလီမြို့စည်ပင်ရုံးမှ ဝန်ထမ်းများအား ငှားရမ်းပေးခဲ့သည်။
စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်၊ စာစောင်အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနု(ငပလီ၊ပြန်/ဆက်)