ငပုတော  ၁၃ မေ    
      
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ကဆုန်လပြည့်နေ့ ရောက်တိုင်း အနယ်နယ် အရပ်ရပ်၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ ယခုနှစ်တွင်ငပုတောမြို့၌ ညောင်ရေသွန်းပွဲတော်ကို မြို့ပေါ်ရှိပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍မြို့လုံးကျွတ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ညောင်ရေသွန်းပွဲကို ယခုလ ၁၈ ရက် (ကဆုန်လပြည့်နေ့) စနေနေ့ ညနေပိုင်းတွင် မြို့ပေါ်ရပ်ကွက် လေးခုမှပြည်သူများက စည်ပင်သာယာ ကားဝန်းအတွင်း စုရပ်ပြုလုပ်ကာ မြို့တွင်းသို့ ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်၍ မြို့ကျက်သရေဆောင် ရွှေမြင်းတင်စေတီ၊ စွယ်တော်မြတ်စေတီနှင့် ဝဋ်ကြွေးတော်ဖြေ စေတီပရဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်တို့အား ပြည်သူများက စုပေါင်း၍ ညောင်ရေသွန်းလောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန် /ဆက်)