ငပုတော ၂၂ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေရှိရေး ရေသန့်စင် စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာသူ၊ ကျေးရွာသားများအား ချပြရှင်းလင်းခြင်းနှင့် ရေးပေးရေးကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းက ကျေးလက်ပြည်သူများအား သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်စင်စနစ်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရေသန့်စင်စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာရေပေးရေးကော်မတီဝင် (၉)ဦးအား ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေဖြင့် Life Straw ရေသန့်စက် (၁၀)လုံးနှင့် Storage Tank (1100L)ဆံ့ သုံးလုံး၊ အလျား ၁၀ ပေ၊ အကျယ် ၁၃ ပေ၊ အမြင့် ၁၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန် ၈၀ဝ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


