ငရုတ်ကောင်း၊ ဧပြီ ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

 

ငရုတ်ကောင်းမြို့ စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ဖြေဆိုသည့် သမိုင်းဘာသာရပ်အား စုစုပေါင်း (၂၄)ဦး ဝင်ရောက်ဖြေဆိုကာ ရာခိုင်နှုန်းအားဖြင့် ၇၂ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း ငရုတ်ကောင်းစာစစ်ဌာနမှ သိရသည်။

 

ပြုံးမောင်မောင်(ငရုတ်ကောင်း)