ငါးသိုင်းချောင်း ၃ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ အရန်မီးသတ်တပ်ဖွဲ့သို့ ယနေ့ မွန်းလွဲ ၂ နာရီခွဲက မီးလောင်ပြင်သုံး မီးသတ်ဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင် ရေကြည်မြို့နယ်၊ မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးစိုးနိုင်နှင့် တပ်ဖွဲ့ဝင်များက ငါးသိုင်းချောင်းမြို့ အရန်မီးသတ်တပ်ဖွဲ့စခန်းသို့ လာရောက်ပေးအပ်‌ခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးဇော်ဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးလောင်ပြင်သုံး မီးသတ်ဝတ်စုံများကို စနစ်တကျ ဝတ်ဆင်မီးငြှိမ်းသတ် ခြင်းဖြင့် မီး‌လောင်ပြင်၌ ဘေးကင်းလုံခြုံစွာ မီးငြှိမ်းသတ်‌နိုင်‌ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း သိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)