ငါးသိုင်းချောင်း ၁၉ မေ
ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အတွင်းရှိ အများပြည်သူစည်ကားရာ ဗိုလ်ချုပ်လမ်းမကြီးနှင့် ငါးသိုင်းချောင်း- လေးမျက်နှာ- အိုင်သပြု မြို့တွင်းလမ်း (ဘုရားလမ်း)လမ်းဆုံ၌ မေ ၁၉ ရက် နံနက်ပိုင်းက ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲ၏ အစီအစဉ်ဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေး အသိပညာပေး မြေစိုက်ဘုတ်စိုက်ထူခဲ့ရာ ငါးသိုင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်နှင့် မြို့ကြက်ခြေနီအသင်းခွဲငယ်မှ တာဝန်ရှိသူများက စုပေါင်းစိုက်ထူခဲ့ကြသည်။

အဆိုပါမြေစိုက်ဘုတ်တွင် မုန်တိုင်းအန္တရာယ်၊ ရေလွှမ်းမိုးမှုအန္တရာယ်၊ ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိပြီး အလားတူ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ဘုတ်တွင်လည်း သဘာဝဘေးအန္တရာယ်နှင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို ခင်းကျင်းပြသထားရှိရာ ဒေသခံပြည်သူများအနေဖြင့် အလွယ်တကူ လေ့လာသိရှိနိုင်ပြီး သဘာဝဘေးအန္တရာယ်နှင့် ကူးစက်ရောဂါများကို ကြိုတင်ပြင်ဆင် ကာကွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)
