ငါ့သရောက်မြို့ ပျဉ်းပင်ရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားပေး Transformer အသစ်တစ်လုံး တိုးချဲ့တပ်ဆင်ပြီးစီး

ငါ့သရောက် ဇန်နဝါရီ  ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပျဉ်းပင်ရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တပ်ဆင်ခွင့်ရရှိခဲ့သော Transformer အသစ် တစ်လုံးတိုးချဲ့တတ်ဆင်မှုကို ဒီဇင်ဘာ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ငါ့သရောက်မြို့ရှိ ရပ်ကွက်များရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ကြစေရန်၊ ယူနစ်ပျောက်ဆုံးမှု လျှော့နည်းကျဆင်းစေရန်နှင့် ဓာတ်အားပေးစနစ် တိုးတက်ကောင်းမွန်စေရန်အတွက်၊ ငါ့သရောက်မြို့ လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်းမှ မြို့မန်နေဂျာ ဦးဝေဖြိုးကျော်နှင့် ဝန်ထမ်းများက  လျှပ်စစ်ရုံးရှေ့ ပျဉ်ပင်ရပ်ကွက် တွင် (၁၁.၀၄)kVA Transformer  အသစ်တစ်လုံး တတ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ငါ့သရောက်မြို့ပေါ် ရပ်ကွက်များနေ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ပြည်ဝစွာ သုံးစွဲနိုင်ကြတော့မည်ဖြစ်ကြောင်းသိရသည်။

ဖြိုးဝေ(ပြန်/ဆက်)