ငါ့သရောက်  ၁ ဇွန်    


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့သည် ပုန်းရည်ကျိုချက်လုပ်ငန်းအား အဓိကလုပ်ကိုင်ကြပြီး ပုန်းရည်ချိုချက်ရာတွင် အသုံးပြုသည့် ပဲပိစပ်ဈေးနှုန်း မနှစ်ကထက် ထက်ဝက်ခန့်မြင့်တက်လာကြောင်း သိရသည်။


ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ပုန်းရည်ကျိုချက်ခြင်းလုပ်ငန်းအား မိရိုးဖလာလုပ်ငန်းအဖြစ် အစဉ်အဆက် လုပ်ကိုင်လာကြပြီး ယခုအခါ ပဲပိစပ်ဈေးနှုန်း မနှစ်က (၁၈၀ဝ၀)ကျပ်ဈေးဖြင့် ဝယ်ယူရရှိရာမှ ယခုနှစ်တွင် ပဲပိစပ်ဈေးနှုန်း (၃၀ဝ၀ဝ)ကျပ်ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။ ပုန်းရည်ချက်လုပ်ရန် ပုန်းရည်တပေါင်းကျရန်အတွက် အချိန်နှစ်ရက်ကြာမြင့်ကြောင်းနှင့် ပဲပိစပ်စိမ်းအား သန့်စင်ပြီး ရေဆေးခြင်းမှ ပုန်းရည်ချိုချက်ပြီးချိန်အထိ ပင်ပင်ပန်းပန်း ကျိုချက်ရကြောင်း ပုန်းရည်ကျိုချက်ဖို့ လုပ်သားနှင့် အလုပ်သမများငှားရန်ခလည်း ဈေးနှုန်းကြီးမြင့်ကြောင်း ပုန်းရည်လုပ်ငန်းရှင် ဒေါ်အိခင်က ပြောသည်။

 

1


ပုန်းရည်ချက်လုပ်ရာတွင် မြေပဲခွံ၊ ထန်းသီးဆံများအား နှစ်ပတ်လည်စာ ဝယ်ယူထားရကြောင်းနှင့် ပုန်းရည်လုပ်ငန်းအတွက် အမျိုးသားတစ်ဦး တစ်နေကုန်(၇၀ဝ၀)ကျပ် ပေးရပြီး အမျိုးသမီး အလုပ်သမတစ်ဦး (၅၀ဝ၀)ကျပ်ပေးရကြောင်း ရှင်းပြကာ ငါ့သရောက်မြို့မှ ထွက်ရှိသည့် ပုန်းရည်ကြီးများအား မြန်မာနိုင်ငံအနှံ့အပြားသို့ ပို့ဆောင်ရောင်းချလျက်ရှိပြီး ပုဂံ-ညောင်ဦးမှ တစ်ဆင့်လည်း မြန်မာပြည်အရပ်ရပ်သို့ ဖြန့်ချီရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ပုန်းရည်ကြီးချက်ရာမှ ထွက်ရှိလာသည့် ပုန်းရည်များအား အစိုနှင့်အခြောက်ခွဲခြားထားပြီး ပုန်းရည်အစို တစ်ပိဿာလျှင် (၃၀ဝ၀)ကျပ်နှင့် ပုန်းရည်အခြောက် တစ်ပိဿာ(၅၀ဝ၀)ကျပ် ရောင်းချကြောင်းသိရကာ တန်ခူးလ၊ ဝါဆိုလ၊ သီတင်းကျွတ်၊ တန်ဆောင်ပုန်းလများတွင် ပုန်းရည်ကြီးပိုမိုရောင်းချရကြောင်း၊ ကျန်လများတွင် ပုံမှန်သာရောင်းချရကြောင်း၊ ပဲပိစပ်စေ့အား နေပြည်တော် သာဝိတ္ထိမြို့၊ မြင်းခြံမြို့၊ တောင်သာမြို့တို့မှ အများဆုံး ဝယ်ယူကျိုးချက်ရောင်းချကြကြောင်းနှင့် မနှစ်ကထက် ပဲပိစပ်ဈေးနှုန်းတက်သော်လည်း ပုန်းရည်ကျိုချက်ခြင်း လုပ်ငန်းများအား ပုံမှန်ကျိုချက်ကာ ရောင်းချလျက်ရှိကြောင်း သိရသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

 

1