ပလောက်  ၄  ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြည်ခြားကျေးရွာအုပ်စု၊ ငါးတက်ကျေးရွာ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များကို ကျန်းမာရေးဗဟုသုတရရှိစေရန်နှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လ ၃ ရက်နေ့ က ငါးတက်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပြည်ခြားကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ သားဖွားဆရာမ ဒေါ်ဖြိုးလဲ့ရည်နှင့် အဖွဲ့ က မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်တစ်နှစ်ခွဲနှင့် တစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

နိုင်ဦး(ပလောက် ပြန်/ဆက်)