သာပေါင်း  ၃ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ငဝန်ဒေါင့်ကြီးကျေးရွာ၌ အရှည် ၆၀ ပေရှိ ကွန်ကရစ်တံတား တည်ဆောက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး(နည်းပညာ) ဦးသန့်ဇော်လွင်နှင့် တာဝန်ရှိသူများက ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးနှင့် လိုအပ်သည့် နည်းပညာများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်တံတားမှာ အရှည် ၆၀ ပေ၊ အကျယ် ၁၁ ပေ၊ အမြင့် ၁၅ ပေ ရှိပြီး တည်ဆောက်ခြင်း လုပ်ငန်းကို သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ သဘာဝဘေး ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၈၀ ဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးမိုးကျော်