ရေကြည်    ၁၃   မေ 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မကျီးလဟာကျေးရွာအုပ်စုတွင် ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းက ငဝန်တာမိုင် (၅၉/၅) နှင့် (၅၉/၇) ကြား တာတုံးပြိုကျပျက်စီးသဖြင့် တာနောက်တွင် ဖြတ်တာတစ်ခုကို စက်ယန္တရားများဖြင့် အရေးပေါ်ဖြတ် တာတည်ဆောက်ခြင်း လုပ်ငန်းကို မိုးရာသီကာလ အချိန်မီရန် ဌာနမှ စက်များငှားရမ်းဆောင်ရွက်လျှက်ရှိကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းမော် ပြောပြချက်အရ သိရသည်။


ယခု ဆောင်ရွက်လျှက်ရှိသော ဖြတ်တာမှာ အလျား ၆၆၀ ပေ၊ တာထိပ်အကျယ် ၁၂ ပေ၊ ပျှမ်းမျှ အမြင့် ၂၀ ပေခန့်နှင့် လမ်းအနိမ့်အမြင့်အလိုက် အောက်ခြေခံ ၁၁၅ ပေခန့်ရှိကြောင်း သိရသည်။


ငဝန်မြစ်ကမ်းပြိုမှုကြောင့် တာတုံးပြိုကျပျက်စီးသည့် မကျီးလဟာကျေးရွာတွင် ဖြတ်တာတစ်လုံး တည်ဆောက်ပြီးသော ဖြတ်တာသစ်ကို ဧရာဝတီတိုင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ လာရောက်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


အောင်သူဟန်( ပြန်/ဆက်)