ရေကြည် ဧပြီ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ကမ်းဘေးရှိ သောင်ကြီးကျေးရွာအုပ်စု၊ သောင်ကြီးကျေးရွာတွင် ဧပြီ ၁၆ ရက် ညနေပိုင်းက ငဝန်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျ၍ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု(၇)စုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်ပြည်သူများက တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၁၀၈၄၀၀ နှင့် ဆန်(၁၀)ပြည်တို့ကို အိမ်ထောင်စု(၇)စုထံ ထောက်ပံ့ခဲ့ပြီး မိသားစုဝင်များနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်သူဟန်၊ စိုးမင်းဦး (ပြန်/ဆက်)