နီဗားဒါး ဒီဇင်ဘာ ၇
အမေရိကန်အနောက်ပိုင်းပြည်နယ် နီဗားဒါး၌ တက္ကသိုလ်ကျောင်းဝင်းအတွင်း ဒီဇင်ဘာ ၆ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ သုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
နောက်ထပ်တစ်ဦးကိုလည်း စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံပို့ဆောင်ပေးခဲ့ရသည်ဟု ရဲတပ်ဖွဲ့ က ပြောသည်။ ပစ်ခတ်မှုကျူးလွန်သူဟု သံသယရှိသူမှာ သေဆုံးသွားပြီဖြစ်သည့်အတွက် တက္ကသိုလ်ဝင်းအတွင်း လုံခြုံမှုရှိပြီဟု အတည်ပြုခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကလည်း မိန်းပြည်နယ် ဘိုးလင်းကစားသည့်နေရာနှင့် အရက်ဆိုင်တို့တွင် သေနတ်ဖြင့် ပစ်ခတ် မှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
ဒီဇင်ဘာ ၆ ရက်က တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားများစွာရှိနေစဉ် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဟူ၍ အမေရိကန်မီဒီယာများတွင် အကျယ်တဝင့် ဖော်ပြလျက်ရှိသည်။
အင်န်အိတ်ချ်ကေ