နီဗားဒါး    ဒီဇင်ဘာ   ၇

အမေရိကန်အနောက်ပိုင်းပြည်နယ်  နီဗားဒါး၌ တက္ကသိုလ်ကျောင်းဝင်းအတွင်း ဒီဇင်ဘာ ၆ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ    သုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။

နောက်ထပ်တစ်ဦးကိုလည်း  စိုးရိမ်ရသည့် အခြေအနေဖြင့်   ဆေးရုံပို့ဆောင်ပေးခဲ့ရသည်ဟု ရဲတပ်ဖွဲ့ က   ပြောသည်။  ပစ်ခတ်မှုကျူးလွန်သူဟု သံသယရှိသူမှာ  သေဆုံးသွားပြီဖြစ်သည့်အတွက် တက္ကသိုလ်ဝင်းအတွင်း လုံခြုံမှုရှိပြီဟု အတည်ပြုခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကလည်း မိန်းပြည်နယ် ဘိုးလင်းကစားသည့်နေရာနှင့် အရက်ဆိုင်တို့တွင် သေနတ်ဖြင့် ပစ်ခတ် မှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ဒီဇင်ဘာ  ၆  ရက်က    တက္ကသိုလ်ဝင်းအတွင်း  ကျောင်းသားများစွာရှိနေစဉ် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဟူ၍  အမေရိကန်မီဒီယာများတွင်   အကျယ်တဝင့် ဖော်ပြလျက်ရှိသည်။                

အင်န်အိတ်ချ်ကေ