ဘားအံ ဩဂုတ် ၂၆
ဗီယက်နမ်နိုင်ငံ၌ကျင်းပသော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပီတန်း အားကစားနည်း၌ တတိယဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားနှင့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော အုပ်ချုပ်သူ၊ နည်းပြအဖွဲ့နှင့် အားကစားသမားများအား ဂုဏ်ပြု ချီးမြှင့်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်ဂုဏ်ပြုစကား ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပီတန်းအားကစား နည်းတွင် တတိယဆုရရှိခဲ့သော နန်းကံ့ကော်သန့်ဇင်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော နန်းချောစုပိုတို့ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်က ဂျူဒိုပြိုင်ပွဲ(-၄၈) ကီလိုတန်း၌ ငွေတံဆိပ်ရရှိသော နော်သက်ထားပျိုကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဂျူဒိုပြိုင်ပွဲ (-၄၅)ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော နန်းစန္ဒာစိုး ကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက (-၆၃)ကီလိုတန်း၌ ကြေးတံဆိပ်ဆု ရရှိသော နန်းမိုးပွင့်ဖြူ ကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက (-၆၀) ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော မောင်ထက်ကိုဝင်း ကိုလည်းကောင်း၊ ပြည်နယ် လူမှုရေးဝန်ကြီးက ကရင်ပြည်နယ်ဂျူဒိုအသင်း အုပ်ချုပ်သူ/နည်းပြများကိုလည်းကောင်း ဂုဏ်ပြုဆု များပေးအပ်ကြပြီး အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)