ရန်ကုန် ဒီဇင်ဘာ ၂၂

 

နိုင်ငံခြားရေး၀န်ကြီးဌာန၏ နှစ်ပတ်လည် မဂ္ဂဇင်းဖြစ်သော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး၀န်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့   နိုင်ငံခြားရေး၀န်ကြီးဌာန   ဒုတိယ၀န်ကြီး ဦးကျော်မျိုးထွဋ်၊ စာမူရှင်များ၊ သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်​ဝေရေး ကော်မတီ၀င်များ၊ နိုင်ငံခြားရေး၀န်ကြီးဌာနမှ တာ၀န်ရှိသူများ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး အခမ်းအနားအပြီးတွင် ဒုတိယ၀န်ကြီးက  ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

 

နိုင်ငံခြားရေး၀န်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်​ဝေခဲ့ပြီး ယခုထုတ်​ဝေသော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်)သည် (၂၆)ကြိမ်မြောက် ထုတ်​ဝေသော စာအုပ်ဖြစ်ကြောင်းနှင့် အဆိုပါမဂ္ဂဇင်းတွင် နိုင်ငံခြားရေး၀န်ကြီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုမှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိတာ၀န်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင်များက  သံတမန်ရေးရာ၊ နိုင်ငံတကာရေးရာများနှင့် အတွေ့အကြုံ ဗဟုသုတများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် သုတ၊ ရသ  စုံလင်စွာ ရေးသားဖော်ပြထားရှိကြောင်း သိရသည်။ 

 

သတင်းစဉ်