ရန်ကုန် ဒီဇင်ဘာ ၂၂
နိုင်ငံခြားရေး၀န်ကြီးဌာန၏ နှစ်ပတ်လည် မဂ္ဂဇင်းဖြစ်သော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး၀န်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံခြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးထွဋ်၊ စာမူရှင်များ၊ သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်ဝေရေး ကော်မတီ၀င်များ၊ နိုင်ငံခြားရေး၀န်ကြီးဌာနမှ တာ၀န်ရှိသူများ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး အခမ်းအနားအပြီးတွင် ဒုတိယ၀န်ကြီးက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
နိုင်ငံခြားရေး၀န်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ပြီး ယခုထုတ်ဝေသော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်)သည် (၂၆)ကြိမ်မြောက် ထုတ်ဝေသော စာအုပ်ဖြစ်ကြောင်းနှင့် အဆိုပါမဂ္ဂဇင်းတွင် နိုင်ငံခြားရေး၀န်ကြီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုမှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိတာ၀န်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင်များက သံတမန်ရေးရာ၊ နိုင်ငံတကာရေးရာများနှင့် အတွေ့အကြုံ ဗဟုသုတများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် သုတ၊ ရသစုံလင်စွာ ရေးသားဖော်ပြထားရှိကြောင်း သိရသည်။
သတင်းစဉ်