သုံးခွ ဇန်နဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပုလဲကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီ ၄ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် တာဝန်ရှိသူများက ကာယကံရှင်များ တင်ပြသော သက်သေခံ အချက်အလက် အထောက်အထားများစိစစ်ပြီး ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကိုကျော်(သုံးခွ)


