နေပြည်တော်  ၂၃  မေ

 

နိုင်ငံတော်အစိုးရ၏ ပြည်သူအတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ 

 

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အစိုးရ၏  တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ရှင်းလင်းဆွေးနွေးခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် တို့က ရှင်းလင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရသည်။

 

6100694

 

သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ တက်ရောက်သတင်းရယူလျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ရှင်းလင်းဆွေးနွေးမှုများအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နိုင်ငံတော်အစိုးရ၏ ပြည်သူအတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို မေ ၉ ရက်မှစတင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

MDN

 

ge 610416