နေပြည်တော် ၂၉ မေ


နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပလျက်ရှိသည်။


အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးတို့က ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားကြမည်ဖြစ်သည်။
ဆွေးနွေးအပြီးတွင် တက်ရောက်လာကြသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက ဝန်ကြီးဌာနအလိုက် သိလိုသည်များကို မေးမြန်းကြမည်ဖြစ်ကြောင်း သိရသည်။


MDN

 

1