နေပြည်တော် ၂၇ မေ

 

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပလျက်ရှိသည်။

 

de

 


အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် အမြဲတမ်း အတွင်းဝန် ဒေါက်တာသာထွန်းကျော်တို့က ရှင်းလင်းဆွေးနွေးကြမည်ဖြစ်သည်။

 

dfwe

 


ထို့နောက် တက်ရောက်လာကြသည့် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများက ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ မေးမြန်းခြင်းနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


MDN