နေပြည်တော်     ဇွန်     

 

 “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ”  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

 

 

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် ယခုပြိုင်ပွဲမှ ထွက်ပေါ်လာမည့် မျိုးဆက်သစ်အားကစား သမားများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ပျိုးထောင်ပေးသွားနိုင်ရန် လူရွေးချယ်ရေးစီမံချက်နှင့် အောင်နိုင်ရေးစီမံချက်များကို ကြိုတင် ရေးဆွဲ ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/မယ်များသည်  မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်သည့်  ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်း အနိုင်ရရှိရေးအတွက် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊  ယှဉ်ပြိုင်ခြင်းသည် အဓိကဖြစ်သလို အနိုင်ရခြင်း သည်လည်း ပဓာနကျသည်ဆိုသော ခံယူချက်နှင့် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်း၏ ဂုဏ်ကိုမြှင့်တင်နိုင်ရန် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင် သွားကြရန်နှင့် အားကစားသမား အချင်းချင်း ချစ်ကြည် ရင်းနှီးစွာအားကစားသမားကောင်းပီသစွာ သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆို ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူ များသည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး  ပထမနေ့ဂျူဒိုပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်(၄၂) ကီလိုတန်းအောက် တစ်ဦးချင်း အမျိုးသားဂျူဒိုပြိုင်ပွဲ၊ (၅၇) ကီလိုတန်း အောက် တစ်ဦးချင်းအမျိုးသမီး ဂျူဒိုပြိုင်ပွဲနှင့်(၃၈) ကီလိုတန်းအောက်တစ်ဦးချင်း  အမျိုးသားဂျူဒိုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

 

အဆိုပါ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၃၀မှ အသင်း အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားအင်အား စုစုပေါင်း ၂၆၉ ဦးဖြင့် ပြိုင်ပွဲ ကာလ ဇွန်  ရက်မှ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ကျင်းပသွားမည်ဖြစ်ရာ ဂျူဒို အားကစားနည်းကို စိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 (သတင်းစဉ်)