နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရေကစားမဏ္ဍပ်များသို့ သွားရောက် ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကျနေ့ဖြစ်သော ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက မဟာသင်္ကြန် ရေသဘင်ပွဲအား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်၌ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များက သီဆိုကပြ ဖျော်ဖြေကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဇနီးများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးကြပြီး သီဆိုကပြ ဖျော်ဖြေကြသည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။

အလားတူ ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း  အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်းရေကစားမဏ္ဍပ်၊ မကျည်းရိပ်ရေကစား မဏ္ဍပ်များသို့ သွားရောက်၍ မဏ္ဍပ်များတွင် နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြ ဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စစ်သည်မိသားစုများနှင့်အတူ သင်္ကြန်ရေကစားခဲ့ကြောင်းနှင့် လာရောက် ရေကစားကြသူများကို စတုဒိသာ အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း  သတင်းရရှိသည်။

သတင်းစဉ်