ပင်လောင်း၊ အောက်တိုဘာ ၅

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်က ရည်မှန်းချက် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ချမှတ် ဆောင်ရွက်လျက်ရှိရာ ပြည်သူပြည်သားများက ပူးပေါင်းဆောင် ရွက်ခြင်းအားဖြင့် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များအနေဖြင့် သက်ဆိုင် ရာဒေသများရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို သိရှိပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များက လိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က နိဂုံးချုပ်အမှာစကား ပြောကြား၍ ပင်လောင်း မြို့နယ် ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များကို ချီးမြှင့်ငွေများပေးအပ်ရာ ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များမှ လက်ခံရယူကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ 

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြသိန်းတန် စာသင်တိုက် ဆရာတော် သာသနာဓဇဓမ္မာစရိယ ဘဒ္ဒန္တမင်္ဂလအား သွားရောက်ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် နောင်တရား သဘာဝမြေသြဇာစက်ရုံနှင့် အာလူးအအေးခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး နောင်တရားမြို့ ပရိယတ္တိစာသင်တိုက် ပဓနနာယက ဘဒ္ဒန္တဂန္ဓာမာဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် နောင်တရား ပရိတ္တိစာသင်တိုက်၌ နောင်တရားမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေ ယဥ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဒေသလိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် ပြည်သူများ၏ တင်ပြ ချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြ ချက်များအပေါ် ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က နိဂုံးချုပ်အမှာစကားပြောကြား၍ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များကို ချီးမြှင့်ငွေများပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စာပေယဥ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် တီကျစ်မြို့ ဆည်ခေါင်းရွာရှိ စိုက်ပျိုးရေး စံပြစိုက်ခင်းကို သွားရောက်ကြည့်ရှုပြီး တောင်သူများအား နေကြာမျိုးစေနှင့် သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်