နေပြည်တော် အောက်တိုဘာ ၁၁

 

လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်လက်ဝှေ့အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား၊ အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းတွငနေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ကျင်းပသည်။

 

ပြိုင်ပွဲများသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများနှင့် လက်ဝှေ့အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

ယနေ့ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဖြစ် ဝိတ်တန်းအလိုက် အမျိုးသား (၄၈၊ ၅၁၊ ၅၇၊ ၆၃ ဒသမ ၅၊ ၇၁၊ ၈၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၆)ပွဲနှင့် အမျိုးသမီး(၄၆၊ ၅၇၊ ၆၃)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၃)ပွဲ ဆက်လက် ယှဉ်ပြိုင် ကစားကြသည်။

 

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး(၄၆)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်ပူးတွဲတတိယ ဆုရရှိခဲ့ကြသူများကို စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က လည်းကောင်း၊ အမျိုးသား(၄၈) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိခဲ့ကြသူ များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကလည်းကောင်း၊ အမျိုးသား(၅၁) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်ပူးတွဲတတိယ ဆုရရှိခဲ့ကြသူများကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကလည်းကောင်း၊ အမျိုးသမီး(၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိခဲ့ကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်းကောင်း၊ အမျိုးသား(၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကလည်းကောင်း၊ အမျိုးသား(၆၃ ဒသမ ၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်ပူးတွဲတတိယ ဆုရရှိခဲ့ကြသူများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က လည်းကောင်း၊ အမျိုးသမီး(၆၃) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့အတူ အမျိုးသား (၇၁)ကီလိုတန်း ပြိုင်ပွဲတွင်ပထမရရှိသည့် စတီးရှူး(ဧရာဝတီ)၊ ဒုတိယရရှိသည့် ရှိုင်းထက်ကိုကို(ကချင်)၊ တတိယရရှိသည့် မင်းဝေအောင်(မန္တလေး)နှင့် ပူးတွဲတတိယရရှိသည့် ကျော်မျိုး ဟန်(စစ်ကိုင်း)တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်ကလည်းကောင်း၊  အမျိုးသား (၈၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမရရှိသည့် စောငွေမိုး(ကရင်)၊ ဒုတိယရရှိသည့် သက်ထွန်းဇော်(ကချင်)၊ တတိယရရှိ သည့် ခွန်ဇွဲမောင်မောင်(ရှမ်း)နှင့် ပူးတွဲတတိယရရှိသည့် ဝဏ္ဏစိုး(ရန်ကုန်)တို့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းက လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးအကောင်းဆုံးအားကစား သမားဆုရရှိခဲ့သည့် ဂင်ရှင်းမောင် (ချင်း)နှင့် အေးအေးပြည့်(တနင်္သာရီ)တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက လည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ရွှေ(၅)ခုနှင့် ကြေး(၁)ခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က လည်းကောင်း၊ ရွှေ(၃)ခုဖြင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိခဲ့သည့် ကရင်ပြည်နယ်အသင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက လည်းကောင်း၊ ရွှေ(၅)ခုနှင့် ကြေး(၄)ခုဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက လည်းကောင်း တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)