နေပြည်တော်   ဒီဇင်ဘာ   ၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်း တွင်    ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊   မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးက  အမျိုးသားကန်တော်ကြီးဥယျာဉ်  တည်နေရာနှင့် သမိုင်းကြောင်းများ၊ နိုင်ငံတော် အကြီးအကဲမှ လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအပေါ်     လိုက်နာဆောင်ရွက်ပြီးစီးမှုများ၊   ကန်တော်ကြီးအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေများ၊ ကျောက်စီရေမြောင်းများ ဆောက်လုပ် ထားရှိမှုနှင့် ကန်တော်ကြီးပတ်ဝန်းကျင် သာယာလှပသန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားရှိမှု များ၊ ဘဲစားမြက်များ စိုက်ပျိုးထားရှိမှုများ၊ သစ်ခွပန်းပင်များ၊   ပြင်ဦးလွင်ချယ်ရီနှင့်    ဂျပန်ချယ်ရီများ   စိုက်ပျိုးထားရှိမှု၊ ကန်တော်ကြီးအတွင်း  အလှမွေးငါးများ စိုက်ထည့်မွေးမြူထားရှိမှုများကိုလည်း ကောင်း၊ ကန်တော်ကြီးဥယျာဉ် တာဝန်ခံကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက အမျိုးသားကန်တော်ကြီး ဥယျာဉ် (၁၆)   ကြိမ်မြောက်   ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပန်းပွဲတော်တွင်    ပြည်တွင်း ပန်းမျိုး များနှင့်   ပြည်ပမျိုးများကို   ဇုန်ရှစ်ဇုန်ခွဲ၍    ပြသသွားမည့်အခြေအနေများ၊ ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပသွားမည့်  အခြေနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိ မှု၊ ခရီးသွားမြို့တော်ဖြစ်စေရေး   ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု၊ မြို့သန့်ရှင်းသာယာလှပရေး    ဆောင်ရွက်လျက်ရှိမှု အခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

တင်ပြမှုများအပေါ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  ကန်တော်ကြီး အတွင်း ရေဝင်ရောက်မှုများ  ပုံမှန်အတိုင်းဖြစ်စေရေး   ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တာဝန်ခံကုမ္ပဏီ အနေဖြင့် ပုံမှန်စစ်ဆေး ဆောင်ရွက်နေရန်လိုကြောင်း၊ နှစ်ရှည်ပင်များ    ရှင်သန်ဖြစ်ထွန်းမှုကို   မှတ်တမ်းများ   ထားရှိရန်လိုကြောင်း၊ အမျိုးသား ကန်တော်ကြီးဥယျာဉ်အတွင်း   ခရီးသွားများ လည်ပတ်ရာ၌ သက်သောင့်သက်သာဖြင့် လည်ပတ်နိုင်ရေးအတွက် အောက်ခြေရှင်းလင်းစေရေး ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းထားရှိရန်နှင့် အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်စေရေး     အမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ဒေသပန်း မျိုးများကို  ထိန်းသိမ်းခြင်းနှင့်   အရောင် အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေး တိုးတက်အောင် သက်ဆိုင်ရာ သုတေသန အဖွဲ့များက       ဆောင်ရွက်သွားရန် လိုကြောင်း၊   မိမိတို့နိုင်ငံတွင်   ဒေသပန်း မျိုးများကို ထိန်းသိမ်းမှုမရှိသဖြင့်   အချို့ ပန်းမျိုးများ     မျိုးသုဉ်းသွားခြင်းများ ရှိကြောင်း၊ ပြင်ဦးလွင်ဒေသမှ ပန်းမျိုးများ ကို  ရာသီဥတုတူညီမှုရှိ သည့် ဒေသများ၌လည်း        စမ်းသပ်စိုက်ပျိုးသွားရန် လိုကြောင်း၊   အမျိုးသားကန်တော်ကြီး ဥယျာဉ် သည်  ပြင်ဦးလွင်မြို့၏  အထိမ်းအမှတ်နေရာ   (Land Mark)  တစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့စေ ရေးနှင့် ခရီးသွားများ အမြဲမပြတ်လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ်  ဆောင်ရွက်နေရန်လိုကြောင်း။

 

ပြင်ဦးလွင်မြို့သည်     ပန်းမြို့တော်ဖြစ်ပြီး   ဒေသသို့   လာရောက်ကြသူများ အနေဖြင့် မြို့၏သာယာ လှပမှု၊ စည်းကမ်းစနစ်တကျရှိမှု၊ စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ထားနိုင်မှုများ ကို   အတုယူအားကျသွားစေသည်အထိဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသခံများ၏    တစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊   လမ်းများအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်းစနစ်တကျ နှင့် နေထိုင်မှုစနစ် သပ်ရပ်သန့်ရှင်းနေရေး ဝိုင်းဝန်းပူးပေါင်း     ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြင်ဦးလွင်မြို့ သာယာလှပမှု၊ စည်းကမ်းစနစ်တကျ ဖြစ်မှုတို့ကို အားကျ အတုယူ၍ မန္တလေးတိုင်းဒေသကြီးအတွင်း မှ မြို့၊ ရွာများ၊ ၎င်းမှ တစ်နိုင်ငံလုံးအတိုင်း အတာအထိ   စည်းကမ်းစနစ်တကျနှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်း များဖြစ်ပေါ်လာစေရေး   ပြင်ဦးလွင်မြို့ ကို   စံပြဖြစ်အောင်   ဆောင်ရွက်ကြရန် လိုကြောင်း၊ စနစ်ကျနသည့်   စီမံခန့်ခွဲမှုနှင့်    ဒေသတွင်းနေထိုင်ကြသူများ၏ စည်းကမ်းစနစ်တကျ ရှိမှုတို့ဖြင့် ပတ်ဝန်းကျင်ကောင်းကို မိမိတို့ဒေသနှင့် အနာဂတ်အတွက် ပုံဖော်တည်ဆောက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ရင်ဆိုင်နေကြရသည် ဖြစ်သဖြင့်   မူလရှိရင်းစွဲ     အရင်းအမြစ် ကောင်းများကို ပိုင်ဆိုင်ထားသည့် ပြင်ဦး လွင်မြို့၌လည်း သစ်ပင်သစ်တော များကို   Green Zone    များ    ဖော်ဆောင်၍ ထိန်းသိမ်းခြင်း၊ နှစ်ရှည်အရိပ်ရအပင်များကို    အပင် သက်တမ်းအလိုက်   စဉ်ဆက်မပြတ်သည့် စိုက်ပျိုးခြင်းနည်းဖြင့် စနစ်တကျ ဆက်လက်စိုက်ပျိုး ထိန်းသိမ်းခြင်းများဖြင့် ရာသီဥတုကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  အမျိုးသားကန်တော် ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု၍ လိပ်ပြာပြတိုက်၊ သစ်ခွဥယျာဉ်တို့၌    ပြသထားရှိမှုများ၊ ဒေသပန်းမျိုးများ သုတေသနစင်တာနှင့် စမ်းသပ်စိုက်ခင်း အတွင်း  သုတေသနပြု စိုက်ပျိုးစမ်းသပ်ထားရှိမှုများ၊ တီကျစ် မြေဩဇာထုတ်လုပ်ထားရှိမှု အခြေအနေများကို စစ်ဆေးပြီး (အောက်ပုံ) တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ     ဆွေးနွေးမှာကြားသည်။     ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်     အဖွဲ့ဝင်များသည် ကန်တော်ကြီးအတွင်း  ထည့်သွင်းမွေးမြူထားသည့်    အလှမွေးငါး များကို  အစာကျွေးခဲ့ကြပြီး  လာရောက် အပန်းဖြေအနားယူနေကြသည့်  ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့အတွက်သာမက နိုင်ငံတော်အတွက်လည်း      အထိမ်းအမှတ်နေရာ (Land Mark) တစ်ခုဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်များတွင်    ကန်တော်ကြီးဥယျာဉ် အတွင်းရှိ ကန်များအတွင်းသို့ ရေဝင်ရောက်မှုများ  နည်းပါးလာသည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏  ၂၀၂၁  ခုနှစ် စက်တင်ဘာလနှင့်      ဒီဇင် ဘာလတို့အတွင်း  လာရောက်သည့်  ခရီးစဉ်များတွင် လမ်းညွှန်မှုများဖြင့်   လိုအပ်သည့် မွမ်းမံပြင်ဆင် မှုများပြုလုပ်ခြင်း၊ ရေလမ်းကြောင်းထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ ကန်တော်ကြီး အတွင်းသို့ ရေဝင်ပေါက်များမှ ရေများ ပြန်လည်စီးဝင်လျက်ရှိပြီး သတ်မှတ်ရေပြည့်ပမာဏထက်ပင် ကျော်လွန်သည်အထိ         ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊   ထို့ပြင် မူလရှိရင်းစွဲ   နာမည် ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ ဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ ခိုင်မြဲစေရေးတို့ကိုလည်း လမ်းညွှန်မှာကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက်    အဆင့်မီသည့် ဥယျာဉ်ကြီးတစ်ခုအဖြစ်      ပုံဖော်ထားရှိ သည်ကို   တွေ့မြင်ရကြောင်း၊    အမျိုးသား ကန်တော်ကြီးဥယျာဉ်(၁၆) ကြိမ်မြောက် ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့်        ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကန်တော်ကြီးအတွင်း   ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းများနှင့်   သစ်ပင်ပန်းမန်များဖြင့် သာယာလှပရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို      ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။  

သတင်းစဉ်