နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်   မေ   ၂၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်     တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုသွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

 

မြကန်ရေလှောင်တမံ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာသက္ကရာဇ်    ၄၅၀  ခုနှစ်၊ ခရစ်နှစ် ၁၀၈၈ ခုနှစ်၊ ပုဂံခေတ်ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သည့်      မြကန် ရေလှောင်တမံသို့     ရောက်ရှိကြရာ     ရှင်းလင်းဆောင်ခန်းမတွင် သာသနာရေးနှင့်     ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ က ၂၀၂၃ ခုနှစ် မေလအတွင်း မိုခါ မုန်တိုင်းတိုက်ခတ်၍ မိုးရွာသွန်းမှု ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီး ရေလျှံမှုများနှင့် ရှေးဟောင်းဘုရားစေတီ ပုထိုးများအတွင်းသို့ ရေများဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊      ထိုသို့ဖြစ်ပေါ်ခဲ့မှု ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် လာရောက်စစ်ဆေးစဉ် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း   သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုကြောင့် သမိုင်းဝင်အမွေ အနှစ်များ ထိခိုက်ပျက်စီးမှုမဖြစ်စေရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရန် လမ်းညွှန်မှာကြားမှုအရ  ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေကြီး ရေလျှံမှုများဖြစ်ပေါ်မှုမရှိစေရန် ရေတွင်းရေကန်များ၊ ရေဝင်ရေထွက်   လမ်းကြောင်းများအားလိုအပ်သည့်   ပြုပြင်ထိန်းသိမ်းမှုများ      ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ မြကန်ရေလှောင် တမံဆိုင်ရာ  အချက်အလက်များနှင့်  ခေတ်အဆက်ဆက်    ပြုပြင် ထိန်းသိမ်း    ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြကန်တမံအား ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအရ       ရေစိမ့်ယိုမှု အနည်းငယ်နှင့်    ရေငွေ့ပျံမှုများ ပြားခြင်းတို့ကြောင့် ရေသိုလှောင်ထားနိုင်မှု  နည်းပါးလျက်ရှိ သည်ကို တွေ့ရှိရသည့်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများနှင့် ရေဝင်လမ်းကြောင်းများကို ရှင်းလင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေလှောင်တမံများ အား ပြုပြင်ထိန်းသိမ်းမှုများ   ဆောင်ရွက်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ  ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲစေရေး တာတမံများ၏ ခံနိုင်ရည်စံနှုန်းအရည်အသွေး စစ်ဆေးခြင်းများကို အဆင့်အလိုက်   စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆည်တာတမံများကိုသာမက ရေဝင်ရေထွက်မြောင်းများကိုလည်း ကောင်းမွန် အောင် ဆောင်ရွက်ထားရှိရန် လိုအပ်သည့်အတွက်  ရေလှောင်တမံများ၊ ရေလှောင်ကန်များအားလုံး၏        ရေဝင်ရောက်ရာ လမ်းကြောင်းနှင့် ဆည်ရေသောက် ဧရိယာတစ်လျှောက် လမ်းကြောင်း များအတွင်း ရေကြောင်း ပိတ်ဆို့မှုမရှိစေရေး၊        ရေဝင်ရေထွက် ကောင်းမွန်စေရေး    အသေးစိတ် လေ့လာဆောင်ရွက်သွားရန်လိုကြောင်း၊    ရေသည်    အထက်မှ အောက်သို့သာ စီးဆင်းတတ်သည့် သဘောသဘာဝဖြစ်သဖြင့် ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ရေဝင်ရောက်သည့် အနိမ့်ပိုင်းများ၌   ရေဝင်ထွက်မှုကောင်းအောင် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊     မိုးရွာသွန်းမှုများပြားပါက ရှေးဟောင်းဘုရားစေတီ ပုထိုးများအတွင်းသို့ ရေစိမ့်ဝင်မှုများပြားလာပြီး ရှေးဟောင်း အမွေအနှစ်များကို အနည်းနှင့်အများ ထိခိုက်ပျက်စီးလာစေနိုင်ကြောင်း၊ ထို့ကြောင့် ရေစီးရေလာ ကောင်းမွန်မှု ရှိစေရေး၊      ရေဝင်ရေထွက် ကောင်းမွန်စေရေး   အဓိကထား ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  မြကန်ရေလှောင် တမံဧရိယာအတွင်း    လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏    တင်ပြချက် များအပေါ်    လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဖျောက်ဆိပ်ပင် ကန်အမှတ်(၁/၂/၃)

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည်      ဖျောက်ဆိပ်ပင်ရွာအနီးရှိ  ဖျောက် ဆိပ်ပင်ကန်       အမှတ် (၁/၂/၃)  ပြန်လည်တူးဖော်     ထိန်းသိမ်း ထားရှိမှု       အခြေအနေများကို သွားရောက်  ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက    လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့်    ဆောင် ရွက်ပြီးစီးမှု   အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဖျောက်ဆိပ်ပင်ကန် အမှတ် (၁/၂/၃) တို့အား  ပြုပြင်ထိန်းသိမ်း ထားရှိမှုများကို  ကန်တစ်ခုချင်းစီ အလိုက် လိုက်လံကြည့်ရှုစစ်ဆေး ကာ   တာဝန်ရှိသူများ၏  တင်ပြ ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဇေယျဝတီ(ဇေယျဝေရီ)ကန်

၎င်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် အရှေ့ဖွားစောကျေးရွာအနီး ရှိ    ဇေယျဝတီ(ဇေယျဝေရီ)ကန် ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေ အနေများကို   သွားရောက်ကြည့်ရှု စစ်ဆေးပြီး     လိုအပ်သည်များ မှာကြားသည်။

 

မင်္ဂလာကန်အမှတ်(၃)

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည်  အနောက်ဖွားစောကျေးရွာ အနီးရှိ     မင်္ဂလာကန်အမှတ်(၃) ပြုပြင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး    တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်     လိုအပ် သည်များ မှာကြားသည်။

 

ရွာဟောင်းကြီးကန်နှင့် ရေတော်မုနိကန်

ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ရွာဟောင်းကြီးကျေးရွာအနီး ရှိ  ရွာဟောင်းကြီးကန်နှင့်ရေတော် မုနိဘုရားအနီးရှိ ရေတော်မုနိကန် တူးဖော်နေမှု  အခြေအနေများကို သွားရောက်    ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိ သူများက ရေကန်များ တူးဖော်ရေး လုပ်ငန်းဆောင်ရွက်စဉ် ရှေးဟောင်း ရေကန်အုတ်ရိုးများ ပေါ်ထွက်လာ ခဲ့သဖြင့် ရှေးဟောင်းအမွေအနှစ်တူးဖော်ရေးလုပ်ငန်းများ   ဆောင်ရွက်နေမှု    အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ်     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က     ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအား စီမံချက်ချ၍    ဆောင်ရွက်စဉ် ယခုကဲ့သို့ ရှေးဟောင်းအမွေအနှစ်များ ပေါ်ထွက်လာခြင်းသည် အဖိုးမဖြတ်နိုင်သည့်    အကျိုးအမြတ် တစ်ခုပင်ဖြစ်ကြောင်း၊ ပေါ်ထွက်လာသည့်     အုတ်ရိုးနမူနာအချို့အား အမျိုးအစားခွဲ၍ စနစ်တကျ ထိန်းသိမ်းထားရှိရန်လိုကြောင်း၊ မိုးတွင်းကာလသို့ ရောက်ရှိပါက တူးဖော်ရေးလုပ်ငန်း ဧရိယာအတွင်းသို့     ရေများ ဝင်ရောက်မှု မရှိစေရေးအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်လိုကြောင်း မှာကြားသည်။

 

ထိုကဲ့သို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းကန်များ ပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိမှု အခြေ အနေများအား   လိုက်လံကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အမြောက်အမြားရှိသည့်အတွက်    ကြည့်ရှုလေ့လာသူများ၏ မဆင်မခြင်လုပ်ရပ်များနှင့် သဘာဝဘေးဒဏ် တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် မိမိတို့အနေဖြင့် တာဝန်ရှိကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး    လုပ်ငန်းများ၊ ရှေးဟောင်း ယဉ်ကျေးမှု   နယ်မြေ အတွင်း စိုက်ပျိုးမြေသုံးစွဲမှုအပါ အဝင်   အခြားမြေအသုံးချမှုများ စနစ်တကျရှိစေရေး       တာဝန်ရှိ သူများအနေဖြင့် ကြပ်မတ်ဆောင် ရွက်သွားရန်လိုပြီး သတ်မှတ်ထား သည့်    စည်းမျဉ်းဥပဒေများနှင့် အညီ   ဖြစ်ရန်လိုကြောင်း၊  အညာဒေသ၏    အငွေ့အသက်များ လျော့နည်းပပျောက်မှုမရှိစေရေး အတွက် စိုက်ပျိုးမြေများ၊ ဥယျာဉ် ခြံမြေများ၏ ခြံစည်းရိုးအနားသတ် များတွင် ထန်း၊ မန်ကျည်း၊ တမာ နှင့် ထနောင်းတို့ကဲ့သို့သောအညာ ဒေသနှင့် ကိုက်ညီသည့် အပင်များ စိုက်ပျိုးကြရန်လိုကြောင်း၊ ဧရိယာကျယ်ဝန်းသည့်    စိုက်ခင်းများ အတွင်း၌ လည်း အရိပ်ရအပင်များ အဖြစ် တမာနှင့် မန်ကျည်းပင်များ ကို    စိုက်ပျိုးနိုင်ကြောင်း၊   ဒေသ တည်ငြိမ်အေးချမ်းပြီး    စိမ်းလန်း စိုပြည်   သာယာလှပမည်ဆိုပါက ခရီးသွားဧည့်သည်များ ပိုမိုများပြား လာမည်ဖြစ်ကာ   ဒေသ၏  လူမှု စီးပွားဘဝများသည်လည်း   ပိုမိုတိုးတက်    ဖွံ့ဖြိုးလာနိုင်မည်ဖြစ် ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များကို       ဆွေးနွေး မှာကြားသည်။

 

ပုဂံကမ္ဘာ့အမွေအနှစ်    ဒေသရှိ    ရှေးဟောင်းရေကန်များအား ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ကို   နိုင်ငံတော်အစိုးရမှ စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး   ထာဝရကုသိုလ်ဖြစ် သည့် ရေကန်များပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများတွင် ပါဝင်လှူဒါန်းလိုသူ စေတနာရှင်ပြည်သူများအနေဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ရေး နေ့စဉ်ထုတ် သတင်းများ၌လည်း     နှိုးဆော်ထားရှိကြောင်း သိရှိရသည်။

 

မြင်းပျံပုန်းရည်ကြီးစက်ရုံ သွားရောက်ကြည့်ရှုအားပေး

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ညောင်ဦးမြို့  သီရိမင်္ဂလာ ရပ်ကွက်ရှိ   မြင်းပျံပုန်းရည်ကြီး ထုတ်လုပ်မှုလုပ်ငန်းသို့ သွားရောက် လေ့လာကြည့်ရှုကြရာ   လုပ်ငန်း ရှင် ဦးခင်မောင်ဝင်းနှင့် ဒေါ်ခင်စောဝေတို့က ပုန်းရည်ကြီး ထုတ်လုပ်မှုအဆင့်ဆင့်အား လိုက်လံ ရှင်းလင်းပြသသည်။   ရှင်းလင်း ပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ ဒေသထုတ်ကုန်လုပ်ငန်း   အောင်မြင်မှုများကို တွေ့ရသည့်အတွက် ဝမ်းသာမိပါကြောင်းနှင့် လုပ်ငန်းပိုမိုတိုးချဲ့ ဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက်သွားရန်  လိုကြောင်း၊ စက်ရုံအတွင်း လုပ်ငန်းဆောင် ရွက်မှုများအား သန့်ရှင်းသပ်ရပ်မှုရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ် မှုရှိရေးကိုလည်း အလေးထားဆောင်ရွက်သွားရန်     လိုကြောင်းဖြင့်  ဆွေးနွေးပြောကြားကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်