နေပြည်တော် ဖေဖော်ဝါရီ ၁၀

 

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ MSME အေဂျင်စီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကား သိုက်မြိုက်စွာ တက်ရောက်ကြသည်။

 

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်တို့နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေးသီချင်းဖြင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များက ကပြ ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေး နှုတ်ဆက်ကြသည်။

 

 

ဖွင့်ပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ စက်မှုဝန်ကြီးဌာနပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနပြခန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြခန်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနပြခန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြခန်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနပြခန်း၊ ကျန်းမာရေးဝန်ကြီးဌာနပြခန်း၊ ပြည်ထောင်စု နယ်မြေ နေပြည်တော် MSME ထုတ်ကုန်ပြခန်း၊ ကချင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ကယား ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ကရင်ပြည်နယ် MSME ထုတ်ကုန် ပြခန်း၊ ချင်းပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ စစ်ကိုင်း တိုင်းဒေသကြီး MSME ထုတ်ကုန် ပြခန်း၊ တနင်္သာရီတိုင်း ဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ပဲခူးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ မကွေးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ မွန်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ရန်ကုန်တိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ရှမ်းပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ဧရာဝတီတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်းတို့အား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုပြီး ထုတ်ကုန်များအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ကုန်ကြမ်းရရှိမှုနှင့် သုံးစွဲမှု၊ ထုတ်ကုန်များ ထုတ်လုပ်မှု၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိမှု အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပြည်တွင်း၊ ပြည်ပသို့ ပိုမိုတိုးချဲ့ ဖြန့်ဖြူးနိုင်မည့် အခြေအနေများ နှင့် သိရှိလိုသည်များ မေးမြန်း ဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကြည့်ရှုမှုများကို ခေတ္တရပ်နားသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် မန္တလေးတိုင်းဒေသ ကြီး MSME ထုတ်ကုန်ပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ကုန် ပြခန်း၊ လုပ်ငန်း/ စီးပွား ချိတ်ဆက်မှုပြခန်း (Business Matching Hall)၊ မြန်မာနိုင်ငံဘဏ်များ အသင်းပြခန်း၊ Digital Corner နည်းပညာပြခန်း၊ မြန်မာစီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် MSME ထုတ်ကုန်များပြခန်း၊ မြန်မာ စီးပွားရေးကော်ပိုရေးရှင်း MSME ထုတ်ကုန်များပြခန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ပြခန်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ပြခန်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းထုတ်ကုန်ပြပွဲနှင့် အရောင်းပြခန်းတို့အား ပြခန်းတစ်ခုချင်းစီ အလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုအားပေးပြီး ထုတ်ကုန်များအလိုက် လုပ်ငန်း ဆောင်ရွက်မှုများ၊ ကုန်ကြမ်းရရှိမှုနှင့် သုံးစွဲမှု၊ ထုတ်ကုန်များ ထုတ်လုပ်မှု၊ ပြည်တွင်း ပြည်ပ ဈေးကွက်ရရှိမှု အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပြည်တွင်း ပြည်ပသို့ ပိုမိုတိုးချဲ့ ဖြန့်ဖြူးနိုင်မည့် အခြေအနေများနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် အသေးစား စက်မှု လက်မှုလုပ်ငန်းနှင့် ကုန်ထုတ် သမဝါယမအသင်းများ၏ ပြခန်း များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ MSME ကုန်ထုတ်လုပ်မှုလုပ်ငန်း ပြခန်းများ ခင်းကျင်းပြသထားမှု များကို ဘာဂီယာဉ်ငယ်များဖြင့် လိုက်လံကြည့်ရှုအားပေးခဲ့သည်။

 

အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီ တော်တောင်ဘက် တပေါင်းကွင်း ၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာ စေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာ ချက်၊ အားနည်းချက်များကိုသိမြင်ဖော်ထုတ်လာစေရန်၊ ထုတ်ကုန် ပစ္စည်းများသည် “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းခြင်းတူပါက အရည်အသွေး ပိုကောင်း ရန်” ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီ အမံများ အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များ ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေ ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အသစ် များကို ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင် ရန်၊ MSME များနှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက် လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြ ထုတ်ကုန်ဆုများ ပေးအပ်နိုင်စေ ရန်နှင့် MSME လုပ်ငန်းများရေရှည် ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင် ရွက်ပေးရန်စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစား အစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်းစီးပွား ချိတ်ဆက်မှုများ၊ နည်းပညာပြခန်းများ၊ ပြည်ပ စက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများအပါအဝင် ပြခန်း စုစုပေါင်း ၉၆ ခန်းဖြင့် စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိပြီး ထုတ်ကုန်ပြိုင်ပွဲ များတွင် ယှဉ်ပြိုင်သည့် အမျိုး အစားများအလိုက် ဆုအမျိုးအစား ပေါင်း ၃၁ မျိုးအပေါ် Digital Trophy၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပြီး အဆိုပါငွေသား ဆုအားချီးမြှင့်ခံရသူက Digital Payment System အသုံးပြု၍ လက်ငင်း E-Banking ဖြင့် ငွေသားထုတ်ယူရရှိရေး စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

သတင်းစဉ်