နေပြည်တော် ဇွန် ၂၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Buryatia ပြည်နယ် Ulan-Ude မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ကောင်စီတွဲဖက်အတွင်းရေးမှူး၏ဇနီး ဒေါ်နီလာနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ၏ဇနီးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Leo Bardamov ပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ် ဒုတိယအကြီးအကဲ Ms. Evgenia Yurievna Ludupova နှင့် Leo Bardamov ပြတိုက်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များသည် Leo Bardamov ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုရာ ပြတိုက်တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ သည် Leo Bardamov ပြတိုက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီးနှင့် ပြတိုက်တာဝန်ရှိသူတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အနုပညာလက်ရာများလေ့လာနိုင်

အဆိုပါ Leo Bardamov ပြတိုက်သည် အူလန်အူဒယ်မြို့တွင် တည်ရှိပြီး ရှေးခေတ်ဆိုဗီယက် လူမျိုးတို့၏ ယဉ်ကျေးမှုအနုပညာ လက်ရာများ၊ သမိုင်းကြောင်းများနှင့် စာပေများကို လေ့လာနိုင်သည့် အပြင် ဗုဒ္ဓသာသာနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဆင်းတုတော် များနှင့် ၂၀ ရာစုနှစ် အနုပညာရှင်တို့ ၏ လက်ရာများကို လေ့လာခံစား နိုင်ကြောင်း၊ နေ့စဉ် နံနက် ၁၁ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ပြီး ပြတိုက်အတွင်း၌ စာပေယဉ်ကျေးမှု၊ ပန်းချီများ၊ အသုံးအဆောင်များစသည့် အနုပညာလက်ရာ အမျိုးအစားပေါင်း ၅၀၀၀ ကျော် ပြသထားရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်