နေပြည်တော် စက်တင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin တို့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်း ၁ နာရီခွဲမှ ၂ နာရီ မိနစ် ၅၀ အထိ ၁ နာရီ မိနစ် ၂၀ ကြာသည်အထိ ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus အတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြီးအကဲတို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံရေးနှင့် နိုင်ငံတကာအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့