နေပြည်တော်     အောက်တိုဘာ      ၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်းလုပ်ငန်း ပြန်လည်ဆောင်ရွက်နိုင်မည့် အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား လွန်းကျင်းအဆောက်အအုံဧည့်ခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ကြီးနှင့်  တာဝန်ရှိသူများက       ဂျောင်ဝိုင်းလွန်းကျင်းဆိုင်ရာ    အချက်အလက်များနှင့်   လုပ်ငန်းပြန်လည်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယခုလွန်းကျင်းသည် လုပ်ငန်းဆောင်ရွက်မှုမရှိသည်မှာ ကြာမြင့်ပြီဖြစ်ပြီး  လွန်းကျင်းအား  ခေတ်နှင့်လျော်ညီစွာ  ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများ ထပ်မံဖြည့်သွင်းခြင်းဆောင်ရွက်၍ အကျိုးရှိအောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊     ရေယာဉ် တည်ဆောက်ရေးနှင့်     ပြင်ဆင်ရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် လိုအပ်သည်များ ပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများ၏ အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေစေရေး  နေအိမ်လိုင်းခန်းများနှင့် အခြားအဆောက်အအုံများ ထည့်သွင်းနိုင်ရေးအတွက်လည်း  ကြိုတင်စဉ်းစား     ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

ကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ဂျောင်ဝိုင်းလွန်းကျင်း အတွင်းရှိ လွန်းဆွဲရုံ၊ ရေလုံလွန်းကျင်းနှင့် လွန်းလမ်းများ၊   လွန်းကျင်းအဝင်နှင့် ဆိပ်ခံတံတားအနီးတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လွန်းကျင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 

အဆိုပါ ဂျောင်ဝိုင်းလွန်းကျင်းကို ၁၉၈၁-၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရေလုံလွန်း ကျင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ရေယာဉ်အစင်းရေ ၄၉ စင်းကို လွန်းတင် ခြင်းလုပ်ငန်းများ    ဆောင်ရွက်နိုင်ခဲ့ကာ လုပ်ငန်းဆောင်ရွက်မှုများ  ရပ်တန့်ခဲ့သည်။    ဂျောင်ဝိုင်းရေလုံလွန်းကျင်း၏ သက်တမ်းသည် ၃၆ နှစ် ကြာမြင့်ပြီဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုမရှိခြင်းကြောင့် လုပ်ငန်းရပ်နားချိန်ကြာမြင့်ပါက ပျက်စီးဆုံးရှုံးမှုများ ပိုမိုများလာနိုင်သဖြင့် ဂျောင်ဝိုင်းလွန်းကျင်းအား လုပ်ငန်းပြန်လည်လည်ပတ်နိုင်ရေး စီမံဆောင်ရွက် နိုင်မှုရှိသည့် အစိုးရဌာန၊  အဖွဲ့အစည်းများက ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း  သတင်းရရှိသည်။

သတင်းစဉ်