နေပြည်တော်၊ အောက်တိုဘာ ၂၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လေ့ကျင့်ရေးကဇာတ်ရုံ၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆဋ္ဌမမြောက်နေ့ပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

 

တက်ရောက်

 

အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသား ရိုးရာ/ ကျေးလက်ရိုးရာ အလွတ်တန်းအဆင့် အကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အကအဖွဲ့များက ဒေသအလိုက် သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ကျူးထားသည့် အကအလှများ၊ သရုပ်ဖော်များဖြင့် ကကြိုးကကွက်စုံ လင်စွာဖြင့် ကပြယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

 

mdn

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါသနာရှင် (ပထမတန်း) အမျိုးသား ဒုံမင်းအတီးပြိုင်ပွဲ ယှဉ်ပြိုင်တီးခတ်နေမှုများကို ကြည့်ရှုအားပေးကြသည်။

 

mdn

 

ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် “အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး” တေးသီချင်းအဆို ပြိုင်ပွဲ၌ အဆင့်မြင့်ပညာအဆင့် အမျိုးသား ပြိုင်ပွဲဝင်များက ထင်ရှား ကျော်ကြားလှသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး သီချင်းဖြစ်သည့် “မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်း” တေးသီချင်းကို အသံနေ အသံထားများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နေမှု ကို ကြည့်ရှုအားပေးကြသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လေ့ကျင့်ရေးဇာတ်ရုံ ၌ ကျင်းပသည့် ဆိုင်းတစ်ဦးချင်း ဝါသနာရှင် (ဒုတိယတန်း)အမျိုးသားပြိုင်ပွဲ ယှဉ်ပြိုင် တီးခတ်နေမှုများကို ကြည့်ရှု အားပေးကြသည်။

 

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အကဲဖြတ် ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn