နေပြည်တော်၊ စက်တင်ဘာ ၁၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများသို့ ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

ဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများသို့ ထပ်ဆင့်ရှင်းလင်းပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အား (Engine of Growth)ဖြစ်သည့်အတွက် အားလုံးအကျိုး ခံစားရသော ကုန်သွယ်မှုဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး (Inclusive trade for national development) ကို ဝန်ကြီးဌာန၏ မျှော်မှန်းချက်အဖြစ်ထားရှိပြီး ဆောင်ရွက်ရေးနှင့် ယင်းမျှော်မှန်း ချက်နှင့်အညီ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များချမှတ်ရေး၊ မြန်မာ့ထုတ်ကုန်များ အရည်အသွေးပိုမို ကောင်းမွန်ရေးနှင့် အရေအတွက်တိုးမြှင့် တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုဆိုင်ရာလုပ်ထုံး လုပ်နည်းများကို ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပြီး ရှင်းလင်းလွယ်ကူမှုရှိစေရေးနှင့် မိမိနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပြီး စျေးကွက်များ ပိုမိုရရှိရေး၊ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှုများ ပိုမိုတိုးတက် ကောင်းမွန် အောင် ကြိုးစားဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးညွန့်အောင်က လက်ရှိကုန်သွယ်မှုအခြေအနေများ၊ မိမိတို့ ဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်နေသည့် လုပ်ငန်းကော်မတီများနှင့် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

(သတင်းစဉ်)