နေပြည်တော်၊ နိုဝင်ဘာ ၁၄
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ နှင့် ၎င်းတို့၏မိသားစုဝင်များ အားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။
ထိုသို့ အားပေးထောက်ခံလျက်ရှိရာ ယနေ့နံနက်ပိုင်းက မန္တလေးမြို့အတွင်းရှိ ငြိမ်းချမ်းရေးကို လိုလားသည့် သံဃာတော်များနှင့် ပြည်သူများစုစည်း၍ တိုင်းပြည်အလုံးစုံပျက်စီးရေး လုပ်ဆောင်နေ ကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံအားပေးပွဲ ကျင်းပပြုလုပ်သည်။
ဦးစွာ မန္တလေးမြို့အတွင်းရှိ ငြိမ်းချမ်းရေးကို လိုလားသည့် သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်သည် စုရပ် နေရာဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ် ကျောက်တော်ကြီး ဘုရားရှေ့ ၆၆ လမ်းပေါ်တွင် စုစည်း၍ ၎င်းမှ တစ်ဆင့် နန်းမြို့ ကျုံးဘေး ၁၂ လမ်း တစ်လျှောက်၊ ထိုမှတစ်ဆင့် ၇၃ လမ်းအတိုင်း၊ ၎င်းမှတစ်ဆင့် မန္တလေးတောင်ခြေရှိ ရွှေမန်းတောင် လူငယ်အားကစားလေ့ကျင့်ရေး စခန်းကွင်းအတွင်းသို့ ချီတက်၍ လမ်းတစ်လျှောက် အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး တပ်မတော်သားများအား ထောက်ခံ အားပေးသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ ဆန္ဒထုတ်ဖော်ကြသည်။
ထို့နောက် ရွှေမန်းတောင် လူငယ်အားကစားလေ့ကျင့်ရေး စခန်းကွင်းအတွင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက နိုင်ငံ တော်သီချင်းကို သံပြိုင်ရွတ်ဆိုကာ ထောက်ခံပွဲကိုဖွင့်လှစ်ခဲ့ပြီး အစွန်းရောက် အကြမ်းဖက်သမားများ၏ ယုတ်မာ ကောက်ကျစ်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများ၊ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများက ရှင်းလင်း ဟောပြောခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် “နယ်မြေတည်ငြိမ် အေးချမ်းရေး (ဒို့အရေး-ဒို့အရေး)၊ တိုင်းပြည် အလုံးစုံပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူ များအား (ဆန့်ကျင်ကြ-ဆန့်ကျင် ကြ)၊ NCA ကို ဆန့်ကျင်ပြီး အကြမ်းဖက် အဖျက်အမှောင့် လုပ်ဆောင်နေသည့် အဖွဲ့အစည်း များအား(ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ အကြမ်းဖက်အစွန်းရောက် လုပ်ရပ်များ(အလိုမရှိ)၊ အပြစ်မဲ့ သံဃာနှင့် ပြည်သူများအပေါ် ယုတ်မာ ကောက်ကျစ်မှုများ (အလိုမရှိ)၊ နိုင်ငံတော်ထိခိုက်မည့် အကြမ်းဖက် လုပ်ရပ်မှန်သမျှ (ဆန့်ကျင်ကြ)၊ တပ်နှင့်ပြည်သူအတူတူ သွေးခွဲလာသူ(ဒို့ရန်သူ-ဒို့ရန်သူ)၊ အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်အားပေး ထောက်ခံသူများ (ဆန့်ကျင်ကြ)၊ နိုင်ငံတော် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည့် ပြည်ပအားကိုး ဒေါ်လာစား ပြည်ဖျက် လောက်ကောင်များအား (ဆန့်ကျင်ကြ)၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (အောင် ရမည်-အောင်ရမည်)၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား (ထောက်ခံပါသည်-ထောက်ခံပါသည်)၊ အမျိုး၊ ဘာသာ၊ သာသနာ ကို စောင့်ရှောက်ပေးသော မြန်မာ့တပ်မတော်အား အပြည့်အဝ (ထောက်ခံပါသည်-ထောက်ခံပါသည်) ဟူသော ကြွေးကြော်သံများ ကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါပွဲသို့ တက်ရောက်လာ ကြသည့် ပြည်သူများ၏ ရင်တွင်း စကားသံများကိုလည်း ယခုလို တင်ပြလိုက်ပါသည်-
“ရှေ့တန်းရောက် တပ်မတော် သားတွေနဲ့အတူ တစ်သားတည်း ရှိနေပါတယ်ဆိုတာ ပြောချင်ပါတယ်။ ကိုယ်ကိုယ်တိုင် လက်နက် ကိုင်ခွင့်မရလို့သာ နောက်တန်းမှာ ဒီလိုမျိုးထောက်ခံပြီးမှ အားပေးနေရခြင်း ဖြစ်ပါတယ်။ လက်နက် ကိုင်ခွင့်သာရခဲ့မယ်ဆိုရင် သူတို့နဲ့ အတူ တိုက်ပွဲဝင်မှာပါ။”
“မြန်မာ့ တပ်မတော်ကြီးကို ချစ်မြတ်နိုးပါတယ်။ မြန်မာ့တပ်မတော်သားများနဲ့ အတူရပ်တည်နေမှာပါ။ အသက်၊ ခန္ဓာ တွေ၊ သွေးတွေပေးဆပ်ထားတဲ့ မြန်မာ့တပ်မတော်ကြီးကို အမြဲတမ်းထောက်ခံအားပေးပြီး မြန်မာ့တပ်မတော်သားတွေကို လက်နက် မရှိဘဲနဲ့ ရင်ဘတ်နဲ့ အသည်းနှလုံးတို့နဲ့ အကာအကွယ်ပေးသွားမယ် ဆိုတာကို သစ္စာပြုပါတယ်ရှင်။”
“တပ်မတော်သားတွေက ကျွန်တော်တို့အတွက် အသက်ကိုပေးပြီးတော့ ကျွန်တော်တို့ပြည်သူ လူထုတွေကို ကာကွယ် စောင့်ရှောက်ပေးနေပါတယ်။ တိုင်းပြည်ရဲ့အဓိကမဏ္ဍိုင်ကြီးဖြစ်တဲ့ မိသားစုနိုင်ငံတော်ကြီး မပြိုကွဲဖို့အတွက် ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို လုပ်ဆောင်ပေးနေတဲ့အချိန်မှာ ကျွန်တော်တို့က နှလုံးသားနဲ့ အသံနဲ့ပေးနေရခြင်း ဖြစ်ပါတယ်။”
“ရှေ့တန်းရောက် တပ်မတော်သားတွေနဲ့ အတူတူရှိပါတယ်။ လိုအပ်ရင် တိုက်ဖို့အသင့်ပါ။ ”
အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် မျိုးချစ်ရဟန်းနှင့် ပြည်သူ ၁၅၀၀ ခန့်သည် ပြင်ဦး လွင်မြို့ ခရိုင်အားကစားကွင်းတွင်လည်းကောင်း၊ မိတ္ထီလာမြို့တွင် မျိုးချစ်ရဟန်းနှင့်ပြည်သူ ၁၄၈၅ ဦးခန့်သည် မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းတွင်လည်း ကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မျိုးချစ်ရဟန်းနှင့် ပြည်သူ ၈၅၀ ခန့်သည် မကွေးမြို့ ခရိုင် အားကစားကွင်းတွင်လည်းကောင်း တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြ သည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများ အား ထောက်ခံအားပေးပွဲကို အသီးသီး ကျင်းပခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်