ရန်ကုန် ဒီဇင်ဘာ ၁၂

 

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင် အောင်စစ်သည်များအတွက် စေတနာရှင် အလှူရှင်ပြည်သူအများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

 

ယနေ့နံနက်ပိုင်းတွင် ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာ၌ လက်ခံရယူခဲ့ပြီး တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် အောင်စစ်သည်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်