နေပြည်တော် ဇူလိုင် ၂၂
နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်၍ ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ စီးပွားရေးရာကော်မတီအစည်းအဝေး (၆/၂၀၂၂)၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား အိမ်ငှားစရိတ် ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များ အနေဖြင့် အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်း လစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျို/အပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း ခံစားခွင့်ရရှိမည်ဖြစ်ပြီး ခံစားခွင့်များ ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ခံစားခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အား ဇူလိုင်လ ၂၅ ရက် (တနင်္လာနေ့)၌ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် အစိုးရဝန်ထမ်းများအား ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ယခုအိမ်ငှားစရိတ် ထောက်ပံ့ခြင်းအပါအဝင် ချီးမြှင့်ထောက်ပံ့မှု (၂၆)ခု ပြုလုပ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)