ရန်ကုန်၊ အောက်တိုဘာ ၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၌ ဗီယက်နမ်နိုင်ငံမှ ကျင်းပသည့် ASEAN Student Contest on Information Security (ASCIS) 2023 ပြိုင်ပွဲသို့ Onlineမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် အသင်းငါးသင်းမှ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအားပေးစကား ပြောကြားပြီး စာကြည့်တိုက်အတွင်း ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် 20 kW Solar Hybrid System တပ်ဆင်နေမှု၊ အားကစားခန်းမ၊ ဘော်လုံးကွင်း၊ တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် သီးနှံစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

mdn

 

 မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း (ရွာမ) သို့ ရောက်ရှိပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး တစ်တပ်တစ်အား ဖြစ်စေမည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် သက်မွေးပညာ သင်တန်းများကို ဖွင့်လှစ်ပေးရန် မှာကြားကာ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ အီလက်ထရောနစ်နည်း ပညာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် သုတနည်းပညာသင်တန်းတို့မှ ကျောင်းသား၊ ကျောင်းသူများ လက်တွေ့လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်၌ ဌာနများရှိ လက်တွေ့ခန်းများ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့် တည်ဆောက်ရေးလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဥ်