ရန်ကုန်   ၁၉   မေ  

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချိုနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌနှင့် တရားရေးဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် မေ (၁၄)ရက်မှ(၁၇) ရက်ထိကျင်းပ ခဲ့သည် "(၉)ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်"သို့  တက်ရောက်ခဲ့ပြီး ယမန်နေ့ ညနေ ၆နာရီ ၄၅ မိနစ်တွင်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှ ရန်ကုန်မြိုသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ  တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ကြိုဆိုနှုတ်ဆက်ကြသည်။ 

 

(သတင်းစဉ်)